Popular Journal
Credit to Popular Journal - အမေရိကန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ဒေသခံလုပ်ငန်းရှင်များထံ တိုက်ရိုက်မျှဝေပေးမည့် “Next-Gen Digital Mastery” အလုပ်ရုံဆွေးနွေးပွဲကို သံရုံး၏ အကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်မှ မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာတွင် ဧပြီ ၂၉ ရက်က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ Freedom 250 မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဆိုပါအစီအစဉ်သည် Google Analytics မှသည် Canva အထိ ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် အောင်မြင်ရန်လိုအပ်သော နည်းပညာရပ်များကို လူငယ် ၅၀ ဦးအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ကိုယ်ပိုင်အမှတ်တံဆိပ်များကို တိုးတက်အောင်လုပ်ဆောင်နိုင်ရန်၊ ဝင်ငွေဖန်တီးနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကို ခိုင်မာအားကောင်းစေရန်ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ ဈေးကွက်မြှင့်တင်ရေး အတတ်ပညာများကို ဒေသခံလူငယ်များ၏ အရည်အချင်းများနှင့် ပေါင်းစပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များကို မိမိတို့ ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ The post အမေရိကန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ဒေသခံလုပ်ငန်းရှင်များထံ တိုက်ရိုက်မျှဝေပေးမည့် “Next-Gen Digital Mastery” အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတွင် စတင်ဖွင့်လှစ်ထား appeared first on Popular .
Go to News Site