Collector
ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် ဒုတိယမြောက်ငလျင် ကာမိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ် | Collector
ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် ဒုတိယမြောက်ငလျင် ကာမိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ်
Popular Journal

ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် ဒုတိယမြောက်ငလျင် ကာမိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

Credit to Popular Journal - ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် အင် အားအနည်းငယ်ရှိသော ဒုတိယမြောက်ငလျင်သည် ကာမိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကာမိုင်းမြို့၏ အနောက်ဘက်(၁၃)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၅)အဆင့်ရှိအင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ယနေ့ မေ ၅ ရက်နံနက် ၁၀ နာရီ ၄၀ မိနစ် ၅၅ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်ကလည်း မအူပင်မြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။ The post ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် ဒုတိယမြောက်ငလျင် ကာမိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ် appeared first on Popular .

Go to News Site