Popular Journal
Credit to Popular Journal - အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များအား သေချာစွာထိန်းသိမ်းထားသိုပြီး ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ MEVM မဲပေးစက်များအနက် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌အသုံးပြုခဲ့သည့် စက်များထိန်း သိမ်းထားရှိမှုနှင့် ခြောက်လတစ်ကြိမ်စစ်ဆေးနေမှုတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုးက မေ ၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ် ၍ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် အီလက်ထရောနစ်မဲပေးစက်စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များဖြစ်သော အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များထားသိုခြင်း၊ ဘက်ထရီများထားသိုခြင်း၊ လုံခြုံရေးအစီအမံများစစ်ဆေးပြီးစီးမှုတို့ကို ကော်မရှင်သို့ တင်ပြရန်၊ စနစ်တကျထားသိုထိန်းသိမ်းရန်နှင့် ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေးရန်တို့ကို UEC ဥက္ကဋ္ဌကမှာကြားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာ ဝန်ရှိသူများ၊ ကျွမ်းကျင်နည်းပညာရှင်များက MEVM စက်များက်ု စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိမှုများ၊ ပြင်ဆင်ခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ The post MEVM စက်များကို ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေး appeared first on Popular .
Go to News Site