Popular Journal
Credit to Popular Journal - တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က ပစ်လွှတ်ခဲ့သော ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်းလေးစင်းကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) က ပြောကြားခဲ့သည်။ ကြားဖြတ်ပစ်ခတ်ခဲ့ရမှုများတွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် သုံးစင်းအပြင် မောင်းသူမဲ့လေယာဉ်လေးစင်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ဒ-ဏ်ရာရခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အီရန်၏ တိုက်ခိုက်မှုများစတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှစ၍ ယူအေအီး၏ လေကြောင်းကာကွယ်ရေးစနစ်များက စုစုပေါင်း ဒုံးကျည် ၅၇၈ စင်းနှင့် ဒရုန်း ၂,၂၆၀ စင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း […] The post ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း လေးစင်းကို ကြားဖြတ်ပစ်ချခဲ့ရ–ယူအေအီး appeared first on Popular .
Go to News Site