Collector
တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး | Collector
တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး
Popular Journal

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး

Credit to Popular Journal - တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။ မီးရှူးမီးပန်းထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် ဟူနန်ပြည်နယ်မြို့တော် ချန်ရှာတွင် တနင်္လာနေ့ညနေ ၄း၄၀ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စီစီတီဗီနှင့် ရှင်းဟွာသတင်းဌာနတို့က ဖော်ပြခဲ့သည်။ တရုတ်အင်တာနက်ပလက်ဖောင်းများတွင် တင်ခဲ့သော ဗီဒီယိုများ၌ ပြိုကျနေသော အဆောက်အအုံများနှင့် အပျ-က်အစီးများပြန့်ကျဲနေသော ကြီးမားသည့် စက်ရုံနယ်မြေမှ မီးခိုးများထူထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅၀၀ နီးပါး ရောက်ရှိနေကြောင်း ဆော့သ်ချိုင်းနားမောနင်းပို့စ်က ဖော်ပြခဲ့သည်။ Huasheng မီးရှူးမီးပန်းထုတ်လုပ်ရေးနှင့် ပြသရေးကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မီဒီယာများက ပြောကြားခဲ့သည်။ ပေါက်ကွဲမှု၏ […] The post တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး appeared first on Popular .

Go to News Site