Khit Thit Media
ရန်ကုန်၊ မေ ၅ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးကာ ထောင်ဒဏ် (၇၅) နှစ်အထိ ချမှတ်ထားခြင်းခံရသော ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်မှာ လက်ရှိတွင် အာရုံကြောရောဂါများကြောင့် ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။ အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံအကျဉ်း ထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ကျန်းမာရေးချို့ယွင်းလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်အပတ်က ဘားအံဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် ၃ ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ရပြီး၊ အာရုံကြောပြဿနာအပြင် ခေါင်းမူးခေါင်းကိုက်ဝေဒနာများကိုလည်း ခံစားနေရသည်။ သို့သော် စစ်ကောင်စီသည် ၎င်းကို ဆေးရုံတွင် (၃) ရက်သာ ထားရှိပြီး ဘားအံထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ဒေါ်နန်းခင်ထွေးမြင့်သည် လာမည့် မေလ (၁၀) ရက်နေ့တွင် အသက် (၇၂) နှစ်ပြည့်မြောက်မည်ဖြစ်သည်။ […] The post ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခံထားရသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အာရုံကြောရောဂါများကြောင့် ဆေးရုံတက်ကုသမှု ခံယူခဲ့ရ appeared first on Khit Thit Media .
Go to News Site