Khit Thit Media
ရန်ကုန်၊ မေ ၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေးမြို့နယ်၊ ချောင်းတောင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်သည် နေအိမ်အတွင်းရှိနေသည့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည်ကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျည်ထိမှန်ခဲ့သော ဦးဝင်းကြည်ကို ကျေးရွာနေ ပြည်သူများက ရေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ချောင်းတောင်ကျေးရွာကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းပြီး […] The post ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည် ကျည်ထိမှန်ပြီးသေဆုံး appeared first on Khit Thit Media .
Go to News Site