Khit Thit Media
ရန်ကုန်၊ မေ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ မော်လူးမြို့ကို အကြမ်းဖက် စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေ၍ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၄ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ရေးအရ အရေးပါသော ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ မော်လူးမြို့ကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ယနေ့ မေလ ၅ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေပြီး လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် အင်းတော်မြို့ အနီးရှိ စီပိန်းရွာနားကို ရောက်ရှိနေကာ မော်လူးမြို့အဝင်အထွက်ကိုလည်း ပိတ်ထားကြောင်း၊ […] The post ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ မော်လူးမြို့ကို စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေ၍ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ appeared first on Khit Thit Media .
Go to News Site