Khit Thit Media
ရန်ကုန်၊ မေ ၅ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။ မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။ တခြား အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ […] The post နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော appeared first on Khit Thit Media .
Go to News Site