Popular Journal
Credit to Popular Journal - ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။ The post ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား appeared first on Popular .
Go to News Site