Popular Journal
Credit to Popular Journal - ကမ္ဘာ့ကျန်းမားရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ခြင်းဖြစ် ရန်ကုန်တိုင်းဒေသကြီး ဆေးဝါးစက်ရုံ(အင်းစိန်) တွင် ပြည်သူများအတွက်လိုအပ်သည့် အခြေခံအကျဆုံးဆေးဝါးအုပ်စု ၁၁ခု ဆေးအမျိုးအစားပေါင်း ၁၉၀ ကို ထုတ်လုပ်ပေးနေကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ BPI အမှတ် တံဆိပ်၏ ကျော်ဇောမှုနှင့် အရည်အသွေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် များစွာဂုဏ်ယူကြောင်းလည်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင် ကပြောသည်။ ယမန်နေ့ က ဆေးဝါးစက်ရုံ(အင်းစိန်)ကို သွားရောက်စဉ် ဒုတိယဝန်ကြီး ဦးသွင်အောင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထိုကြောင့် အင်းစိန်ဆေးဝါးစက်ရုံအနေဖြင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ […] The post အင်းစိန်ဆေးဝါးစက်ရုံတွင် ဆေးအမျိုးအစား ၁၉၀ ထုတ်လုပ်နေ appeared first on Popular .
Go to News Site