Popular Journal
Credit to Popular Journal - မန္တလေးမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားအထိဖောက်လုပ်ထားသည့် မန္တလေး-မြစ်ကြီးနား ကားလမ်းကိုတပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကုန်စည်စီးဆင်းရေးအတွက် လမ်းပိုင်းပြန်ပွင့်ပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင်သတင်းစာမှ တဆင့် သိရခြင်း ဖြစ်ပြီး ယင်းလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးကာလ ၁ နှစ်နှင့် ၃ လကျော် ကြာပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့် လမ်းပေါ်၌ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးတို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လမ်းပိုင်း ပြန်ပွင့်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေသော မြစ်ကြီးနားမြို့တွင် အထိုက်အလျောက် ကုန်စျေးနှုန်းများ ကျဆင်းမည်ဟု မြစ်ကြီးနားမြို့ခံအချို့က မျှော်လင့်နေသည်။ လက်ရှိ၌ တပ်မတော်အနေဖြင့် လမ်းပိုင်းတလျှောက် ပျက်စီးနေသည့် အဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းနှင့် လမ်းတံတားများကို ပြန်ပြုပြင်ရန် လုပ်ဆောင်နေကြောင်းလည်း […] The post မန္တလေး-မြစ်ကြီးနား ကားလမ်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ကာ လမ်းပိုင်းပြန်ပွင့်ပြီ appeared first on Popular .
Go to News Site