Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ မြို့မ(၁)ရက်ကွက် သရက်ကုန်းဓမ္မာရုံတွင် မေလ(၆)ရက်၊နံနက်(၉)နာရီက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဦးစားပေးအနေဖြင့်လည်းကောင်း၊ အသက် (၁၀) နှစ်မှ (၁၈)နှစ်အထိ လဲလှယ်သူများ၊ ပျောက်ဆုံးပျက်ဆီးသူများကိုလည်းကောင်း၊ ဓာတ်ပုံရို-က်ခြင်း၊ သွေးစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးရုံး၊ ကျန်းမာရေးဌာနနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က ပူးပေါင်း၍ One stop service ဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုများကို မော်လိုက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်၊ မော်လိုက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။ ဇွန်လ(၁)ရက်နေ့မှ ဇူလိုင်(၃၁)ရက်အထိ သွားလာနိုင်သည့်မြို့ပေါ်ကျောင်းများတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လိုက်ခရိုင် လဝက ဦးစီးမှူးထံမှ သိရသည်။ The post မော်လိုက်မြို့တွင် နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက် appeared first on Popular .
Go to News Site