Popular Journal
Credit to Popular Journal - မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး (၁)နှစ်သင်တန်းဖြစ်သော အီလက်ထရောနစ်သင်တန်းကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ပြင် အမှတ်စဉ်(၁)၊ (၃)လသင်တန်းများဖြစ်သည့် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် တံဆိပ်ရိုက်သင်တန်းများကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ ဩဂုတ် ၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းများသို့ ကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက်ထားနိုင်ပြီး အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိသူ ဖြစ်ရမည်ဖြစ်ကာ နေ့စဉ်တစ်ကိုယ်ရေလုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်သူ […] The post မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်၍ သင်တန်းသား/သူများ ခေါ်ယူ appeared first on Popular .
Go to News Site