Khit Thit Media
ရန်ကုန်၊ မေ ၇ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) အနီးသို့ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကပစ ၁၆ ၏ ကာကင်းစခန်းဖြစ်သော ပွိုင့် ၆၆၆ စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက်၊ လက်ရှိတွင် ပွိုင့် ၅၀၆ စခန်းကုန်းကို ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။ ယခုနှစ် မတ်လအတွင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လည်ပတ်မှု ယာယီရပ်ဆိုင်းသွားခဲ့ကြောင်း၊ လက်ရှိတွင်လည်း နေ့စဉ်လိုလို တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။ […] The post ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ အနီးသို့ AA နှင့် တော်လှန်ရေးတပ်များ ရောက်ရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေ appeared first on Khit Thit Media .
Go to News Site