Collector
ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ | Collector
ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ
Popular Journal

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ

Credit to Popular Journal - အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ ခြောက်ရုံသည် သိုလှောင်ရုံများ၏ သိုလှောင်နိုင်စွမ်းထက်ဝက်နီးပါးကို ဖြည့်သွင်းပြီး လည်ပတ်လျက်ရှိသည်။       ဆက်လက်၍ ပိတ်ပင်ထားပါက ပိုလျှံနေသော သိုလှောင်မှုအတွက်ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း မစ္စတာ ဆာရာဝပ်က သတိပေးခဲ့သည်။       ဒီအိုအီးဘီသည် ဂျက်လေယာဉ်လောင်စာဆီတင်ပို့မှုကို ကနဦးခွင့်ပြုသွားမည်ဟု မျှော်လင့်ရသည်။ ခရီးသွားလုပ်ငန်းကျဆင်းခြင်းကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်လောင်စာဆီဝယ်လိုအား နှေးကွေးသွားသော်လည်း သန့်စင်မှုစွမ်းရည်ပိုင်းတွင် အကန့်အသတ်ရှိသောကြောင့် နိုင်ငံများစွာသည် ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။      လောင်စာဆီပြတ်လပ်မှုအပေါ် လူထု၏စိုးရိမ်မှုများကြောင့် မတ်လ ၆ ရက်နေ့တွင် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပို့ကုန်ပိတ်ပင်မှုကို စတင်ခဲ့သည်။ အမိန့်အရ ဓာတ်ဆီ၊ ဓာတ်ငွေ့၊ ဒီဇယ်၊ ဂျက်လေယာဉ် A-1 လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို […] The post ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ appeared first on Popular .

Go to News Site