Khit Thit Media
ရန်ကုန်၊ မေ ၇ မြန်မာနိုင်ငံတွင် ပြည်ပသွင်းကုန်တင်သွင်းမှုကို လျှော့ချခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေရန် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားသည့်အတွက် စက်သုံးဆီချွေတာရေး စီမံချက်အရ လက်ရှိကျင့်သုံးနေသည့် စုံ/မစနစ်နှင့် QR စနစ်များကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ သိရသည်။ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရန်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ အသုံးပြုနေရခြင်းမှာ နိုင်ငံ တော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် စက်သုံးဆီများကို စနစ်တကျ ထိန်းကျောင်းသုံးစွဲရန် စစ်ခေါင်းဆောင်က စွမ်းအင်ဝန်ကြီးဌာနသို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း၊ အဆိုပါလမ်းညွှန်ချက်အရ စက်သုံးဆီဆိုင်များတွင် ဆီတန်းစီသူ နည်းပါးသွားသော်လည်း စုံ/မစနစ်နှင့် QR စနစ်များကို စွမ်းအင်ဝန်ကြီးဌာနက ဖြေလျှော့ပေးခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက“ကားတွေ တန်းစီပြီး ဆီဖြည့်တာ […] The post နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေး မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကြောင့် စက်သုံးဆီချွေတာရေး စီမံချက်၊ စုံ/မ စနစ်၊ QR စနစ်များကို ဆက်လက်ကျင့်သုံးသွားမည် appeared first on Khit Thit Media .
Go to News Site