Khit Thit Media
ရန်ကုန်၊ မေ ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နုံးတန်းရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဆန်းဝင်းကို ပစ်သတ်ပြီး အင်တောရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျခဲ့ကြောင်း အညာမြေပုလဲအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အင်အား ၂၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်တောရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာစီးနင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ […] The post ယင်းမာပင်နှင့်ပုလဲမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က နုံးတန်းရွာမှ အသက် ၆၀ ကျော်အရွယ် ဦးဆန်းဝင်းကို ပစ်သတ်၊ အင်တောရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော်ပြာကျ appeared first on Khit Thit Media .
Go to News Site