Popular Journal
Credit to Popular Journal - နှစ်နိုင်ငံအကြား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။ The post သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ appeared first on Popular .
Go to News Site