Collector
ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့ | Collector
ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့
Popular Journal

ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဧပြီလ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း ငလျင် (၉)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။         ယင်းသို့ ငလျင်လှုပ်ခတ်ခဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ “သက်ဆိုင်ရာဌာနတွေအနေနဲ့တော့ ငလျင်နဲ့ပတ်သက်ပြီး စီမံထားတာတွေရှိပါတယ်။ ငလျင်နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေ၊ပညာပေးလုပ်ငန်းတွေ ကြေညာထားတာရှိတယ်၊ အဲ့ဒီဟာလေတွေကိုသိအောင်တော့ လေ့လာထားသင့်ပါတယ် ၊ ဒါပေမယ့် တကယ်လက်တွေ လှုပ်တော့လည်း ကျွန်တော်တို့မလုပ်ဖြစ်ဘူးဗျ ။ ငလျင်လှုပ်တော့လည်း အကုန်လုံး အပြင်ပဲ ပြေးထွက်ကြတာပါပဲ ၊ အဓိကအနေနဲ့ ကျွန်တော်အကြံပြုချင်တာကတော့ ဘာဘဲဖြစ်ဖြစ် ငလျင်မှ မဟုတ်ဘူး၊ ဘေးအန္တရာယ်တစ်ခုဖြစ်လာရင် အရမ်းမကြောက်သွားဘဲနဲ့သတိကြီးကြီးလေးနဲ့ ရင်ဆိုင်ပါလို့ အဲ့ဒါပဲ ပြောချင်ပါတယ်။ ရေရှည်အစီအစဉ်ကတော့သက်ဆိုင်ရာဌာနကိုမေးမြန်းတာပိုကောင်းပါလိမ့်မယ်” ဟု ပြောသည်။     ငလျင်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးမှုများကို သဘာဝဘေးစီမံခန့်ခွဲရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ […] The post ဧပြီ လ (၃၀)ရက်မှ မေလ (၇)ရက်အထိ တစ်ပတ်အတွင်း မအူပင်မြို့တွင် ငလျင် (၉)ကြိမ်လှုပ်ခတ်ခဲ့ appeared first on Popular .

Go to News Site