Popular Journal
Credit to Popular Journal - နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်မည် နည်းလမ်းများဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr.Harish-chandra Ghimire ကို ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြပြီး နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ The post နီပေါ သံအမတ်ကို နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ appeared first on Popular .
Go to News Site