Collector
ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည် | Collector
ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်
Popular Journal

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ (မေ ၂ ရက်) ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခြင်းလည်း ဖြစ်သည်။ ယင်းသို့ ပြောကြားရာတွင် ယင်းဆက်သွယ်ရေးကြိုးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက မှာကြားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်နှင့်လမ်းများအတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေစီးသည့်ပမာဏ (Water Volume) ချိန်ဆခြင်း […] The post ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည် appeared first on Popular .

Go to News Site