Khit Thit Media
ရန်ကုန်၊ မေ ၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီစာရွာတွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှု အတွင်း မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ “မှော်စီစာရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေက သေနတ်နဲ့ လှမ်းပစ်လို့ ဘုန်းကြီးကျောင်းနားမှာရှိနေတဲ့ ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရတယ်” […] The post ဖားကန့်မြို့ မှော်စီစာရွာတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး၊ တောင်သာမြို့အနီး ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေ appeared first on Khit Thit Media .
Go to News Site