Khit Thit Media
ရန်ကုန်၊ မေ ၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဈေးအတွင်းသို့ ဈေးဝယ်လာသည့် ပြည်သူများထံမှ ဆိုင်ကယ်အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းသွားသည့်အပြင် ကားသမားများနှင့် ပြည်သူများထံမှလည်း ငွေများ အတင်းအဓမ္မ လုယက်သွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၈ ရက် နံနက် ၇ နာရီဝန်းကျင်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အောက်ဈေး (ခ) ရွာလယ်ဈေးအတွင်း၌ စစ်သားများက ဈေးဝယ်လာသည့် ပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မ သိမ်းဆည်းသည့်အပြင် ကားသမားများ၊ ဈေးဝယ်လာသူများထံမှ ငွေကြေးများကိုလည်း အတင်းအဓမ္မ ဓားပြတိုက်ယူသွားကြောင်း သိရသည်။ “ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က ဈေးလမ်းလမ်းကြားထဲကနေ လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ ပိုက်ဆံတောင်းနေတာ။ ကားတွေက […] The post ဖားကန့်မြို့နယ်၊ လုံးခင်းဈေးသို့ ဈေးဝယ်လာသည့် ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး ကားသမားများနှင့် ပြည်သူများထံမှလည်း အတင်းအဓမ္မ ငွေညှစ်နေ appeared first on Khit Thit Media .
Go to News Site