Collector
ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ | Collector
ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ
Popular Journal

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ

Credit to Popular Journal - ​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံအခြေစိုက်ပြည်ပလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အနီးကပ်စောင့်ကြည့်ကူညီပေးသွားမည်ဟု အသိပေးခဲ့သည်။ ​ယခုဖြစ်စဉ်သည် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပေါ် အလုပ်ရှင်များ၏ အနိုင် ကျင့်စော်ကားမှုအပေါ် သံရုံးကထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်၍ အလုပ်ရှင်(သို့)အခြားသူများ၏ နှိပ်စက်ညှဉ်းပန်းမှုခံရပါက […] The post ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ appeared first on Popular .

Go to News Site