Collector
မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး | Collector
မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး
Popular Journal

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

Credit to Popular Journal - ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို ခေတ်မီ ICT နည်းပညာများဖြင့် အဆင့်မြှင့်တင်ရန်ကြိုးပမ်းခြင်းသည် ငွေပေးချေမှုစနစ်များ ပိုမိုမြန်ဆန်၊ ဘေးကင်းလာစေရန်ရည်ရွယ်ခြင်း၊ နီပေါနိုင်ငံကဲ့သို့ […] The post မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး appeared first on Popular .

Go to News Site