Collector
ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့ | Collector
ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့
Popular Journal

ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့

Credit to Popular Journal - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားနှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုရန် ၎င်းနိုင်ငံ၏ ကတိကဝတ်ကို စနေနေ့တွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့မှု နှစ်ပတ်လည်နေ့အဖြစ် သမ္မတ ဗလာဒီမာပူတင်ထံ ကင်မ် က တရားဝင်သဝဏ်လွှာပို့ခဲ့ရာတွင် မော်စကိုနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိပ်တန်းဦးစားပေးရန် မြောက်ကိုရီးယား၏ မဟာဗျူဟာရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို ရည်ညွှန်း၍ နိုင်ငံအချင်းချင်းစာချုပ်၏ တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် မြောက်ကိုရီးယား၏ ကတိကဝတ်ကို သဝဏ်လွှာတွင် အလေးပေးဖော်ပြထားသည်။  ပူတင်၏ ပြုံယမ်း ခရီးစဉ်အတွင်း အပြီးသတ် ချုပ်ဆိုခဲ့သော စာချုပ်တွင် ယူရေးရှား (ဥရောပအာရှ) တစ်လွှား ပထဝီနိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲစေသည့် အပြန်အလှန်ကာကွယ်ရေးပြဌာန်းချက်တစ်ခု ပါဝင်ခဲ့သည်။ ယူကရိန်းတွင် ဆက်လက်ဖြစ်ပွားနေသော […] The post ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့ appeared first on Popular .

Go to News Site