Khit Thit Media
ရန်ကုန်၊ မေ ၉ ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၊ ဧရာဝတီတိုင်း၊ဝါးခယ်မမြိုနယ်၊လက်ခုပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လာသော လူငယ်ကျော်ကျော်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးမြကျော်ထွေးနှင့် ကျေးရွာသူ ကျေးရွာသားများက ဂုဏ်ပြုကြိုဆိုသည်ဟုဆိုကာ စစ်တပ်တယ်လီဂရမ်ချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်လာကြောင်း၊ အဆိုပါ လူငယ် ကျော်ကျော်ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ မဟုတ်သကဲ့သို့ စစ်မှုထမ်းခြင်းလည်းမရှိခဲ့ကြောင်း သိရှိရသည်။ “လက်ခုပ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ပြန်လာတဲ့သူကို ကြိုဆိုပွဲဆိုပြီး လုပ်သွားတယ်။ တကယ်က […] The post စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်၊ စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ appeared first on Khit Thit Media .
Go to News Site