Khit Thit Media
ရန်ကုန်၊ မေ ၉ မြန်မာနိုင်ငံတွင် စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တင်ပြပြောဆိုလိုက်သည်။ မေလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း ပြန်လည်သုံးသပ်မှုဖိုရမ် (International Migration Review Forum) တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ယခင်က ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အင်အားတစ်ရပ် ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အခြေအနေမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့ကြောင်း ထောက်ပြသည်။ ယခုအခါ […] The post မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြ appeared first on Khit Thit Media .
Go to News Site