Popular Journal
Credit to Popular Journal - စီမံကိန်းအသေးစိတ်စိုက်ပျိုးမည့်ဧရိယာ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) ခုတွင် ဝါသီးနှံမျိုးစုံ စုစုပေါင်း ၄၃,၂၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ ရည်ရွယ်ချက် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါအရည်အသွေး ကောင်းမွန်ပြီး ချည်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေးနှင့် ဝါစိုက်ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့နိုင်ရေးတို့အတွက် အထူးဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။ ပံ့ပိုးမှု ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေသခံတောင်သူများကို ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကာ စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာပိုင်းဆိုင်ရာများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ “ဝါ” သီးနှံ၏ စီးပွားရေးအလားအလာ ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စက်မှုကုန်ကြမ်းသီးနှံများအနက် အလားအလာအကောင်းဆုံး သီးနှံတစ်ခုဖြစ်ပြီး အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည် – ၁။ သွင်းကုန်အစားထိုးခြင်း ပြည်တွင်းအထည်အလိပ်နှင့် ချည်မျှင်စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှ […] The post မင်းဘူးခရိုင်တွင် ဝါဧက ၄၃,၀၀၀ ကျော်ဖြင့် “ဝါ” အထူးဇုန် အကောင်အထည်ဖော်မည်၊ ချည်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေး ရည်မှန်းမကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်အတွက် “ဝါ” အထူးဇုန် (Cotton Special Zone) တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ appeared first on Popular .
Go to News Site