Popular Journal
Credit to Popular Journal - ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာရှဖလား ယူ-၁၇ နောက်ဆုံးအဆင့်ပွဲစဉ်များတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် နှစ်ပွဲဆက်အရှုံးရလဒ်ထွက်ပေါ်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် အုပ်စု (A) တွင် အိမ်ရှင်ဆော်ဒီအာရေဗျ ယူ-၁၇၊ တာဂျီကစ္စတန် ယူ-၁၇၊ ထိုင်း ယူ-၁၇ အသင်းတို့နှင့် တစ်အုပ် စုတည်းကျရောက်ခဲ့ကာ မေ ၅ ရက်ကယှဥ်ပြိုင်ခဲ့သည့် အိမ်ရှင်ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းအား ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်။ ထို့ပြင် မေ ၉ ရက်ကယှဥ်ပြိုင်ခဲ့သည့် တာဂျီကစ္စတန် ယူ-၁၇ အသင်းကိုလည်း ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ရကာ အုပ်စုတွင်း၌ပင်လှည့်ပြန်ရမည့်အခြေအနေရှိနေပြီး လာမည့် မေ ၁၂ ရက်တွင် ထိုင်း ယူ-၁၇ အသင်းနှင့် ထပ်မံယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။ […] The post နှစ်ပွဲဆက်အရှုံးရလဒ်ထွက်ပေါ်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၁၇ appeared first on Popular .
Go to News Site