Popular Journal
Credit to Popular Journal - ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ The post သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား appeared first on Popular .
Go to News Site