Popular Journal
Credit to Popular Journal - အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ “အခုချိန်ကစပြီး အမေရိကန်ရဲ့ စံနမူနာကိုလိုက်ပြီး အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့နိုင်ငံတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရာမှာ အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်” ဟု IRNA သတင်းဌာနနှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် အီရန်အနေဖြင့် “ဟော်မုဇ်ရေလက်ကြား၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အလားအလာများကို အသုံးချရန်” တွန်းအားပေးခံခဲ့ရကြောင်းနှင့် ယခုအခါ အီရန်အနေဖြင့် ထိုရေလက်ကြားအပေါ် “အချုပ်အခြာအာဏာ ကျင့်သုံးနေပြီ” ဖြစ်ကြောင်း အာကရာမီးနီးယားက အလေးပေးပြောဆိုခဲ့သည်။ ထို့အပြင် ရေလက်ကြားကို ဖြတ်သန်းလိုသည့် မည်သည့်သင်္ဘောမဆို ယခုအခါ “အီရန်နှင့် […] The post အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် အီရန် ပိတ်မည် appeared first on Popular .
Go to News Site