Khit Thit Media
ရန်ကုန်၊ မေ ၁၀ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည်သာ အဓိကဖြေရှင်းရမည့် မူဘောင်နှင့် ကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက ထပ်မံသဘောတူ ဆုံးဖြတ်လိုက်ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် မေလ ၆ ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယခုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်မြင့်တက်နေခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများအပေါ် လေးနက်စွာ စိုးရိမ်မိကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရာတွင် တိုးတက်မှု အားနည်းနေခြင်းကို ထောက်ပြထားပြီး၊ ယင်းသဘော တူညီချက်သည်သာ မြန်မာ့အရေးအတွက် အဓိကကိုးကားချက်ဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း […] The post မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကသာ အဓိကကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များ ထပ်မံအတည်ပြု appeared first on Khit Thit Media .
Go to News Site