Collector
ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိဟုဆို | Collector
ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိဟုဆို
Khit Thit Media

ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိဟုဆို

ရန်ကုန်၊ မေ ၉ အကြမ်းဖက်စစ်တပ်အတွင်း ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိနေကြောင်း ရေတပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခင်ကတည်းက အပြောင်းအလဲလုပ်ရန် လျာထားခံရသော ရေတပ်စစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးနေရာတွင် ရေတပ်ဗိုလ်မှူးချုပ် သိန်းထူးကို အစားထိုး တာဝန်ပေးရန်ရှိနေပြီး ရာထူးတိုးမြှင့်ပေးရာတွင် စီနီယာ- ဂျူနီယာ အလိုက် မဟုတ်ဘဲ တပ်ချုပ်မဟုတ်တော့သည့် မင်းအောင်လှိုင်က ရွေးချယ်ခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ရေတပ်ဗိုလ်မှူးချူပ် သိန်းထူးထက် စီနီယာကျသော ရေတပ်ဗိုလ်ချုပ်များက ယင်းကဲ့သို့ အငယ်ရေတပ်ဗိုလ်ချုပ်ကို ရာထူးတိုးမြှင့်ရန် ရှိနေမှုအပေါ် ကျေနပ်မှုမရှိကြောင်း သိရှိရသည်။ ရေတပ် စစ်ဦးစီးအရာရှိချုပ်ရာထူးမှ ဖယ်ရှားရန် လျထားခံရသည့် ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ကာ သံအမတ်ဖြစ်လာရန်ရှိနေကြောင်း ၊ ယခင်က […] The post ရေတပ် ဗိုလ်ချုပ်ရာထူးတချို့ အပြောင်းအလဲလုပ်ရန် ရှိနေပြီး မျိုးဆက်သစ် ရေတပ်အရာရှိတချို့ကို နေရာပေးရန်ရှိဟုဆို appeared first on Khit Thit Media .

Go to News Site