Khit Thit Media
ရန်ကုန်၊ မေ ၁၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်တပ်မကုန်းမှ အကြမ်းဖက် စစ်သားများသည် နမ့်မဖြစ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထို့နောက် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းထိုးမည့် လမ်းပိုင်းများကို ဒရုန်းဖြင့် ဗုံးကျဲ၍ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း စားသောက်ဆိုင်တစ်ဆိုင်ကို ဒရုန်းဗုံးသီးကျရောက် ပေါက်ကွဲပြီး […] The post ဖားကန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .
Go to News Site