Popular Journal
Credit to Popular Journal - ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများကို ယမန်နေ့က တွေ့ဆုံချိန် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ်အညီအမျှရရှိရေးနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းဆောင်ရွက်မည့်အစီအမံများအပေါ် ရှင်းလင်းခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ သေချာရေရာမှု (Legal Certainty) ရှိခြင်းသည် တရားဥပဒေစိုးမိုးရေး (Rule of Law) ၏ အညွှန်းကိန်းတစ်ရပ်ဖြစ်၍ ဥပဒေမူကြမ်းများတွင် Legal Certainty ရှိရန်နှင့် စနစ်တကျရှိရန်အထူးလိုအပ်ကြောင်းလည်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့သည်။ The post ရက် (၁၀၀) စီမံကိန်းတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာ ပြန့်ပွားရေး အဓိက လုပ်ဆောင်မည် appeared first on Popular .
Go to News Site