Popular Journal
Credit to Popular Journal - တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒ-ဏ်သင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆက်လက်ပို့ဆောင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ရွာတော်ဘူတာသို့ ရထားဖြင့် ရောက်ရှိလာသည့် အဆိုပါ Prefabricated House စုစုပေါင်း (၁၉၂) လုံးကို နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ ငလျင်ဒ-ဏ်သင့် ဘုန်းတော်ကြီးကျောင်း (၁၂၁) ကျောင်းနှင့် သီလရှင်ကျောင်း (၁) ကျောင်းတို့အတွက် ခွဲဝေပို့ဆောင်ပေးနေခြင်းဖြစ်သည်။ အဆိုပါ ပစ္စည်းများ ရောက်ရှိမှုနှင့် မော်တော်ယာဉ်များပေါ်သို့ လွှဲပြောင်းတင်ဆောင်နေသည့် အခြေအနေများကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မေလ ၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် နေပြည်တော်အတွက်သာမက မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ငလျင်ဒ-ဏ်သင့်ဒေသများသို့လည်း အလားတူ Prefabricated House များ […] The post တရုတ်နိုင်ငံမှလှူဒါန်းသည့် Prefabricated House များကို နေပြည်တော်ရှိ ငလျင်ဒ-ဏ်သင့်ကျောင်းများသို့ ဆက်လက်ပို့ဆောင်လှူဒါန်း appeared first on Popular .
Go to News Site