Popular Journal
Credit to Popular Journal - ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများမြင့်တက်နေခြင်းက နိုင်ငံ၏ နိုင်ငံခြားအရန်ငွေအပေါ် ဖိအားဖြစ်လာသောကြောင့် လောင်စာဆီချွေတာရန်၊ အိမ်မှာနေ၍အလုပ်လုပ်ခြင်း အစီအစဉ်ကို ကျင့်သုံးရန်နှင့် ခရီးသွားလာခြင်းနှင့် သွင်းကုန်များကို ကန့်သတ်ရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက တနင်္ဂနွေနေ့တွင် တိုက်တွန်းခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင့်သုံးခဲ့သော နေအိမ်မှာအလုပ်လုပ်ခြင်းနှင့် အစည်းအဝေးများကို အွန်လိုင်းမှသာပြုလုပ် ကျင်းပခြင်းတို့ကို ဦးစားပေးခြင်းအားဖြင့် အိန္ဒိယသည် လောင်စာဆီလျှော့ချသုံးစွဲရာတွင် အထောက်အကူဖြစ်စေမည်ဟု မိုဒီက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံခြားငွေချွေတာရေးကို အထူးအလေးထားရမည်ဟု ၎င်းက ဆိုခဲ့သည်။ ထို့အပြင် လောင်စာဆီချွေတာရန်အတွက် မြေအောက်ရထားကဲ့သို့သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရန်နှင့် သွားရောက်မည့်နေရာတူလျှင် ဖြစ်နိုင်သမျှ ကားအတူတူစီးကြရန်ကိုလည်း ပြည်သူများကို မိုဒီက တောင်းဆိုသည်။ ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနှင့် သုံးစွဲသူဖြစ်သော အိန္ဒိယသည် ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒီဇယ်နှင့် ဓာတ်ဆီအတွက် ဓါတ်ဆီဆိုင် ဈေးနှုန်းများကို မြှင့်တင်ရန် အဆိုပြုချက်မရှိကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း […] The post စက်သုံးဆီလျှော့သုံး၊ ခရီးအသွားအလာလျှော့၊ သွင်းကုန်လျှော့ရန် မိုဒီပြော appeared first on Popular .
Go to News Site