Popular Journal
Credit to Popular Journal - မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် စပျစ်ဇုန်စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းဆွေးနွေးမှု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ (၁၀) ရက်နေ့က ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာသို့ သွားရောက်ကာ စပျစ်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြေယာအသုံးချမှု ဆည်ရေသောက်လယ်မြေများပေါ်တွင် စပျစ်စိုက်ပျိုးနေမှုများကို ဥပဒေနှင့်ညီညွတ်အောင် စနစ်တကျ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ စီးပွားဖြစ်စိုက်ပျိုးရေး ဒေသတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ထိရောက်စွာ အသုံးပြု၍ ဝိုင်စပျစ် (Wine Grape) စိုက်ပျိုးရေးကို စီးပွားဖြစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ ဈေးကွက်နှင့် ထုတ်လုပ်မှုကဏ္ဍ အဆိုပါ စပျစ်ဇုန်စီမံကိန်းတွင် […] The post ရမည်းသင်းနှင့် ပျော်ဘွယ်တွင် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် စပျစ်ဇုန်စီမံကိန်း အကောင်အထည်ဖော်မည် appeared first on Popular .
Go to News Site