Collector
ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ | Collector
ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
Popular Journal

ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

Credit to Popular Journal - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၈) ရက်က ဟားခါးမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါထောက်ပံ့မှုတွင် အိမ်ထောင်စု (၃၄၈) စုမှ လူဦးရေ စုစုပေါင်း (၁,၂၉၄)ဦးအတွက် ကျန်းမာရေးသုံးပစ္စည်း(၆၇၃) ထုပ်နှင့် အမျိုး သမီးဂုဏ်သိက္ခါထိန်းပစ္စည်း (၃၃၄) ထုပ်၊ စောင်(၂၈၄)ထည်နှင့်ဆေးစိမ်ခြင်ထောင် (၃၀၀)ထုပ်၊ ကိုယ်သုတ်ပဝါ (၁၈၅) ထည် နှင့်သောက်ရေခွက် (၁၂၀) ခွက်တို့ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ယာယီနေရပ်စွန့်ခွာသူများထံသို့ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်ရှိ နေရပ်စွန့်ခွာလာရသူများအတွက် အရေးတကြီးလိုအပ်နေသည့် ကျန်းမာရေးနှင့်အခြေခံအသုံး အ ဆောင်ပစ္စည်းများကို ကြက်ခြေနီအသင်းက အချိန်နှင့်တစ်ပြေးညီ ကူညီပေးနေခြင်းလည်း ဖြစ်သည်။ The post ဟားခါးမြို့ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၀၀ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ appeared first on Popular .

Go to News Site