Collector
ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့ | Collector
ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့
Popular Journal

ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့

Credit to Popular Journal - ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်ငွေ သန်း ၅၀ ဖိုးခန့်ရှိ မှောင်ခို လျှပ်စစ်ပစ္စည်းများ သိုလှောင်ထားရာ တရားမဝင် ဂိုဒေါင်တစ်ခုကို စစ်ဆေးရန်အတွက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဖူးခက်ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။ မစ္စတာ အနူတင်သည် ညနေ ၃ နာရီခွဲတွင် မြောင်ခရိုင် ဘန်ရင်းမြို့နယ်ရှိ အမှတ် ၄၀၈၀ အဝေးပြေးလမ်းပေါ်ရှိ ၁၆၈ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မှတ်ပုံမတင်ထားသော ဂိုဒေါင်သို့ သွားရောက်ခဲ့ကြောင်း အစိုးရအိမ်တော်က တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ်၌ သတင်းထုတ်ပြန်ခဲ့သည်။ ထိုဂို‌ဒေါင်တွေ့ရှိမှုကို “လုံခြုံရေးအန္တရာယ် ပုံစံအသစ်” ဟု အစိုးရအိမ်တော်က သုံးနှုန်းခဲ့သည်။ ဂိုဒေါင်တွင် ခိုးသွင်း လျှပ်စစ်ပစ္စည်းများ၊ စက်ရုံများနှင့် ဟိုတယ်များအတွက် ဂျင်နရေတာများ၊ လေအေးပေးစက်များနှင့် အခြားထုတ်ကုန်များ ရှိနေသည်။ ၎င်းပစ္စည်းများ၏ တန်ဖိုးသည် ဘတ် သန်း […] The post ထိုင်း၌မှောင်ခိုပစ္စည်းများလှောင်ထားသောမြန်မာပိုင်ဂိုဒေါင်တွေ့ appeared first on Popular .

Go to News Site