Popular Journal
Credit to Popular Journal - မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် (၉)ကြိမ်မြောက် ကု လသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ ယနေ့ မေ ၁၁ ရက်က နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သင် တန်းသားအရာရှိ(၃၀)ဦးအား ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၏သမိုင်းကြောင်း၊ ဖွဲ့ စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်များကို စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရပ်သားများအားကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲအ ခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet တို့ကိုလည်း စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မေ ၂၂ ရက်အထိဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲကို […] The post (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ နေပြည်တော်၌ဖွင့်လှစ် appeared first on Popular .
Go to News Site