Khit Thit Media
ရန်ကုန်၊ မေ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း နှင့် မှော်စီဆာ ကျေးရွာဘက်တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ အပါအဝင် နေအိမ်များကိုပါ ဝင်ရောက်စီးနင်း၍ ငွေကြေး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေထည် ပစ္စည်းများကို ဓားပြတိုက်ယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန့်နေ မေလ ၁၀ ရက်နေ့တွင် လုံးခင်းရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ဥရုဟိုတယ်ကို ဝင်ရောက် စီးနင်း၍ ငွေကြေးများနှင့် အဖိုးတန် ပစ္စည်းများကို ရှာဖွေ ယူဆောင်သွားကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မှော်စီဆာရွာဘက်ကို တက်လာပြီးနောက် ရွှေညောင်ပင်ဆီဆိုင်ကို ထပ်မံ ဝင်ရောက်စီးနင်းကာ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများကို အတင်းအဓမ္မ ဓားပြတိုက်၍ ထပ်မံ ယူဆောင်သွားကြောင်း သိရသည်။ […] The post ဖားကန့်၊ လုံးခင်းနှင့် မှော်စီဆာ ကျေးရွာဘက်တွင် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများ အပါအဝင် နေအိမ်များကိုပါ ဝင်ရောက်စီးနင်း၍ ငွေကြေး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေထည် ပစ္စည်းများကို ဓားပြတိုက်ယူနေ appeared first on Khit Thit Media .
Go to News Site