Khit Thit Media
ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများနှင့် နေအိမ်များအတွင်းထိ ဝင်ရောက်စီးနင်းကာ အသက်မပြည့်သေးသူများ အပါအဝင် လူငယ်အများအပြားကို အဓမ္မပေါ်တာဆွဲခြင်းနှင့် ငွေညှစ်ပြန်လွှတ်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ မုံရွာမြို့ပေါ်တွင် မေလ ၉ ရက်နှင့် မေလ ၁၀ ရက်နေ့တို့၌ အကြမ်းဖက်စစ်တပ်က အင်အားသုံးကာ အသက် ၁၇ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့သည်။ စစ်တပ်သည်မုံရွာ မြို့ပေါ်ရှိ ကျောက္ကာလမ်း၊ ရွှေဝါရောင်လမ်း၊ အေးရိပ်သာလမ်းနှင့် ကမ်းနားလမ်း စသည့်လူစည်ကားရာ နေရာများကို ကားများဖြင့် ပိတ်ဆို့ကာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ “စစ်ခွေးတွေက ကျောက္ကာလမ်းမီးပွိုင့် မျိုးဆက်သစ် […] The post မုံရွာနှင့် ရန်ကုန်တွင် စစ်တပ်က လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ဆက်တိုက်ကျူးလွန်နေပြီး လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ appeared first on Khit Thit Media .
Go to News Site