Khit Thit Media
ရန်ကုန်၊ မေ ၁၁ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ပစ္စတိုသေနတ် ၁ လက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပကဖမှ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၁၀ ရက်နေ့က ကော့သောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသား၁ ဦးကို WY မူးယစ်ဆေးဝါး ၆၃၀ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ ဖုန်း ၂ လုံးနှင့် မူးယစ်ဆေးဝါးရောင်းရငွေ ထိုင်းဘတ်ငွေ ၈,၂၈၀ ဘတ်ဖြင့် လည်းကောင်း၊ အသက် ၅၃ နှစ်အရွယ် အမျိုးသားထံမှ WY […] The post ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၃ ဦးကို ပစ္စတိုသေနတ် ၁ လက်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ appeared first on Khit Thit Media .
Go to News Site