Khit Thit Media
ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း SSTS ဇာမနည်ပြောက်ကျားတပ်ဖွဲ့မှ ကိုဇာမနည်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်မှ ညနေ ၆ နာရီ ၃၀မိနစ်ခန့်အထိ ဆားလင်းကြီးမြို့နယ် တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော အင်အား ၂၀၀ ခန့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ယင်းမာပင်-ညောင်ပင်ကြီး လမ်းပိုင်း ဖိုလ်ဝင်တောင် လမ်းခွဲအနီးတွင် ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း […] The post ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၃၀ ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား appeared first on Khit Thit Media .
Go to News Site