Popular Journal
Credit to Popular Journal - ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ အင်ဒိုနီးရှားကျောင်းသားအသင်းက ဦးဆောင်ကျင်းပသည့် INDOFEST 2026 ပြပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် ကျင်းပရာ ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေး နှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲရှိ ASEAN Corner တွင် မြန်မာသံရုံးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှားသံရုံး၊ အင်ဒိုနီးရှားသံရုံးတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များကိုပါဝင်ပြသခဲ့ကြောင်း သိရသည်။ မြန်မာ့ ရိုးရာယွန်းထည်လက်မှုပစ္စည်းမျိုးစုံကို ခင်းကျင်းပြသခဲ့ပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် သနပ်ခါးယဉ်ကျေးမှု နှင့် လက်ဖက်သုပ်ကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသည်။ The post ဆားဘီးယားနိုင်ငံတွင် ကျင်းပသည့် INDOFEST 2026 ပြပွဲ၌ယွန်းထည်လက်မှုပစ္စည်း၊သနပ်ခါးယဉ်ကျေးမှုနှင့် လက်ဖက်သုပ်ကိုမိတ်ဆက် appeared first on Popular .
Go to News Site