Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏ အကောင်းဆုံးထွက်ကုန်တစ်ခုဖြစ်ကာ အလွန်မွှေးပျံ့သောရနံ့ရှိသည့် “မြန်မာ့စိန်တလုံးသရက်သီး”ကို တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လိုအပ်ချက်မြှင့်တင်ရန်ရည်ရွယ်သည့်မိတ်ဆက်ပွဲကို ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မေ ၁၁ ရက်က ကျင်းပခဲ့သည်။ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြန်မာ့စိန်တလုံးသရက်သီး၏ ထူးခြားသောအရသာနှင့် အရည်အသွေးကိုဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းကိုပြသခဲ့သည်။ ထို့နောက် တက်ရောက်လာသူများအား မြန်မာ့စိန်တလုံးသရက်သီးလတ်လတ်ဆတ်ဆတ်များ၊ သရက်သီးဖြင့်ပြုလုပ်ထားသည့် မုန့်များ၊ ဖျော်ရည်များ၊ မြန်မာ့လက်ဖက်ရည်၊ ကော်ဖီ၊ မြန်မာဘီယာတို့ဖြင့်ဧည့်ခံပြီး မြန်မာ့ထွက်ကုန်များကိုခင်းကျင်းပြသခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍအတွက်အလွန်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာ့သရက်သီး၏ အဓိကဈေးကွက်ကြီးဖြစ်ပြီး ချုံချင့်မြို့ကဲ့ သို့ စီးပွားရေးအချက်အချာကျသော မြို့ကြီးများတွင် မိတ်ဆက်ခြင်းဖြင့် ဈေးကွက်ဝယ်လိုအားကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အစားအသောက်မှတစ်ဆင့် နိုင်ငံတကာသံတမန်များကို ဆွဲဆောင်ခြင်းသည် နိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ပေးရုံသာမက မြန်မာ့ထွက်ကုန်များအပေါ် ယုံကြည်မှုကိုလည်းတိုးတက်စေမည်ဖြစ်ကာ အခမ်းအနားတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှတစ်ဆင့် မြန်မာ့စိန်တလုံးသရက်သီးအား တရုတ်နိုင်ငံအတွင်းပို […] The post တရုတ်စျေးကွက်သို့ အလွန်မွှေးပျံ့သည့်ရနံ့ရှိသော မြန်မာ့စိန်တလုံးသရက်သီး ပိုမိုထိုးဖောက်နိုင်ရန် ချုံချင့်မြို့ ၌ စျေးကွက်မြှင့်တင်ရေးမိတ်ဆက် appeared first on Popular .
Go to News Site