Collector
လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်တွင် လျောင်းတော်ဘုရား၏ အမိုးများ ပြိုကျ | Collector
လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်တွင် လျောင်းတော်ဘုရား၏ အမိုးများ ပြိုကျ
Popular Journal

လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်တွင် လျောင်းတော်ဘုရား၏ အမိုးများ ပြိုကျ

Credit to Popular Journal - လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာ၊ ဘူတာပိုင်း ကုန်းတော်ပေါ်၌ တည်ထားသော လျောင်းတော်ဘုရား၏ အမိုးများ ပြိုကျခဲ့ကြောင်း သိရသည်။ ယနေ့ (မေလ ၁၂ ရက်နေ့ ) နံနက်ပိုင်းက ဖြစ်ပွါးခြင်း ဖြစ်သည်။ လျောင်းတော်ဘုရားသည် အလျား ၁၇၂ တောင်ရှိ သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်၌ မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း၊ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားပြီး လေပြင်းတိုက်ခတ်မှုကို သတိထားရန်လိုကြောင်း အသိပေးထားသည်။ Photo-U Soe Minrc The post လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်တွင် လျောင်းတော်ဘုရား၏ အမိုးများ ပြိုကျ appeared first on Popular .

Go to News Site